
တောင်ကြီး နိုဝင်ဘာ-၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၅)ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ အသုံးတော်ကျေးရွာအုပ်စုရှိ ရှမ်းရိုးမမွေးမြူရေးဇုန်(၂) ရှင်းလင်းဆောင်ခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရှမ်းရိုးမ မွေးမြူရေးဇုန်(၂)၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးကဒေသအတွင်း နေထိုင်သည့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ပြည်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းများ အောင်မြင်တိုးတက်ပါက လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းရှင်များအားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါက ဖွံ့ဖြိုးတိုးတက်သော မွေးမြူရေးဇုန်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွေးမြူရေးဇုန်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော အဝီစီတွင်းရေနှင့် ရေလှောင်ကန်တို့ကို လည်းကောင်း၊ ရှမ်းရိုးမမွေးမြးရေးဇုန်(၂)တွင် မွေးမြူထားသော ကြက်ခြံတို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရှမ်းရိုးမမွေးမြူရေးဇုန်(၂) အဝင်လမ်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ဆောင်ရွက်မည့် လမ်းအရှည်မိုင်(၅)မိုင်ရှိသည့် အနက် (၁) မိုင် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တောင်ကြီးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းရေနုတ်မြောင်းရှိ ချုံနွယ်များရှင်းလင်းပေးရန်နှင့် လမ်းပခုံးများကို စနစ်တကျဆောင်ရွက်ပေးရန်မှာကြားပြီး ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတီုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ်၊ လုံးတိုင်-ပုံးအယ်-ဂနိုင်ခဲ-ကျောက်တိုင်ကျေးရွာမှညောင်ရွှေမြို့နယ်စပ်အထိချိတ် ဆက်ထားသော၅/၀မိုင်အနက်၀/၄မိုင်ကတ္တရာထပ်ပိုးလွှာခင်းလုပ်ငန်းပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှညွှန်ကြားရေးမှူးက လမ်းလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကားလမ်းဘေးတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ကောင်းမွန်အောင်စနစ်တကျဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီးလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး-မွေတော်ကက္ကူလမ်းအား (၂၄)ပေအကျယ်ထိချဲ့ထွင်ဆောင်ရွက်ရန်၊လက်ရှိလမ်း၏ အချို့နေရာများတွင် အကွေ့၊ အကောက်များကို ဖြေညှိနိုင်သည့် လမ်းဒီဇိုင်းကို ပြန်လည်ရေးဆောင်ဆွဲရွက်ရန်နှင့် တံတား အတက်အဆင်းများ ပြန်ညှိရန်အတွက် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟမ်းဆီး-နောင်-ယားဆိုင်းလမ်း (မိုင် ၀/၀ -၂၈/၀=၂၈/၀မိုင်) (၁၈)ပေမှ (၂၄)အကျယ်ကတ္တရာလမ်းတိုးချဲ့ဆောင်ရွက်နေမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးရာဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ညွှန်ကြားရေးမှူးက လမ်းလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့