
တောင်ကြီး နိုဝင်ဘာ-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၃)ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ မဲသောင်း-ထီအုံ ကျေးရွာ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော မဲသောင်း-ထီအုံလမ်း(၀/၂)မိုင် မြေသားလမ်းမှကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြင့်တင် ကတ္တရာခင်းခြင်းလုပ်ငန်းအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မဲသောင်း-ထီအုံလမ်း မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြင့်တင် ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လမ်းအား လှည့်လည်ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မဲသောင်းကျေးရွာရှိ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ဒေသခံပြည်သူများအနေဖြင့် လမ်းအားရေရှည်ကောင်းမွန်စွာအသုံးပြနိုင်ရန်အတွက် လမ်းဘေး ရေနုတ်မြောင်းများကိုလည်း စနစ်တကျပြုပြင် ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထီအုံကျေးရွာ၌ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ထီအုံကျေးရွာသွားလမ်း (၀/၂)မိုင်အား မြေသားလမ်းမှကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြင့်တင်ကတ္တရာခင်းခြင်း ဆောင်ရွက်နေမှုကို သွား ရောက်ကြည့်ရူစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စက်ယန္တရား များဖြင့် လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့