Select Page

တောင်ကြီး အောက်တိုဘာ-၂၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၂၅) ရက်ညနေပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသော Taunggyi Runner Club နှင့် Trail Running Club Myanmar တို့ ပူးပေါင်းကျင်းပသည့် Taunggyi Trail Run Ultra 2026 (တောင်ကြီး လမ်းကြမ်းအပြေးပြိုင်ပွဲ ၂၀၂၆ )ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ (၁၅)ကီလိုမီတာ အမျိုးသမီး၊ အမျိုးသား လမ်းကြမ်းအပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့ကလည်းကောင်း၊ (၂၅)ကီလိုမီတာ အမျိုးသမီး၊ အမျိုးသား လမ်းကြမ်းအပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အသီးသီး ဆုများချီးမြှင့် ပေးကြသည်။
ထို့နောက် (၂၅) ကီလိုမီတာ ၊ (၅၀) ကီလိုမီတာ အမျိုးသမီး၊ အမျိုးသား လမ်းကြမ်းအပြေး ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့