တောင်ကြီး အောက်တိုဘာ-၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ(၂၂)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၌ (၃၈) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်ရုံး၊ တောင်ကြီး ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးစကားကြပြောပြီး အားဖြည့်အစားအစာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဝန်ထမ်းများမှ လှူဒါန်းထားသော သွေးအိတ်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းဌေးက ပေးအပ်ရာ အမျိုးသမီးနှင့်ကလေးအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး အတွက် ကြက်ဥများပေးအပ်ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ သီချင်းပြိုင်ပွဲ၊ သီချင်းအတည်ပြု ရွေးချယ်ပွဲ အခမ်းအနားသို့ သွားရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ သီချင်းရွေးချယ်ရာတွင် ရှမ်းပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံ စည်းလုံး ညီညွတ်စွာစုပေါင်း နေထိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီတိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှုများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖော်ဆောင်သည့် တေးသီချင်းစာသားများကို ပါစေလိုကြောင်း၊ ရှမ်းပြည်နယ်၏ အငွေ့အသက်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့၏ တန်ဆောင်တိုင်ပွဲတော် အငွေ့အသက်များ ထုံမွှမ်းနေရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသည့် တေးသီချင်းအား တန်ဆောင်တိုင်ပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ထိုက်ထိုက်တန်တန်ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် တေးသီချင်း ရေးစပ်သူ၊ သီဆိုသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့