
တောင်ကြီး နိုဝင်ဘာ – ၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၂)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသော မြန်မာ့စီးပွားရေးဘဏ် အငယ်တန်းဝန်ထမ်းများ ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဌာန အဖွဲ့အစည်းများကို ငွေကြေးဝန်ဆောင်မှုများ ပေး လျက်ရှိပြီး နိုင်ငံပိုင်ဘဏ်တစ်ခုအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုလျက်ရှိပါကြောင်း၊ မြန်မာ့စီးပွား ရေးဘဏ်ဝန်ထမ်းများသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရန် အထူးလိုအပ်ပါ ကြောင်း၊ အငယ်တန်းဝန်ထမ်းများသည် လုပ်ငန်းခွင်တွင် ပြည်သူများ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် အမြဲထိတွေ့ဆောင်ရွက်နေရသောဝန်ထမ်းများဖြစ်သည့် အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန် အသိပညာဗဟုသုတ တိုးတက်လာစေရန်နှင့် လုပ်ရည်ကိုင်ရည် ပြည့်ဝစွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် ဘဏ်လုပ်ငန်း အတွေ့ အကြုံရှိပြီး ကျွမ်းကျင်သည့် သင်တန်းဆရာများက သင်ကြားပို့ချမှာဖြစ်သည့်အတွက် လက်တွေ့ လုပ်ငန်းခွင်မှာ အဓိကပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းများအနေဖြင့် သင်တန်းကရရှိသည့် အသိပညာ၊ အတတ် ပညာနှင့် အတွေ့အကြုံများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချပြီး ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက် နိုင်ရန် သင်တန်းကာလအတွင်းမှာ လေ့လာသင်ယူလိုစိတ်အပြည့်အဝဖြင့် ပို့ချသည့်ဘာသာ ရပ်တိုင်းကို ကြိုးစား လေ့လာသင်ယူကြရန် မှာကြားလိုကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်း တက်ရောက်မည့် သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ် အငယ်တန်းဝန်ထမ်းများ ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်းကို သင်တန်းနည်းပြ ဆရာ(၅)ဦးမှ စီမံခန့်ခွဲရေးဘာသာရပ်၊ စာရင်းဘာသာရပ်၊ ငွေစုဘဏ်လုပ်ငန်း ဘာသာရပ်၊ ဖွံ့ဖြိုးရေးချေးငွေဘာသာရပ်၊ ဘဏ်တွင်းစာရင်းစစ်ဘာသာရပ်၊ ဘဏ်လုပ်ငန်းဘာသာရပ်၊ ငွေကြေးဘာသာရပ်နှင့် ICT ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀) ဦး တက်ရောက်၍ သင်တန်းကာလမှာ နိုဝင်ဘာလ (၂) ရက်နေ့မှ (၂၀) ရက်နေ့အထိ ရက်သတ္တပတ် (၃) ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့