
ပင်းတယ မတ် ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသအသေးစားစက်မှုလက်မှုလုပ်
ငန်းဦးစီးဌာနမှ ပင်းတယမြို့နယ်၊သရက်ကုန်းကျေးရွာတွင် မတ်လ ၂၂ ရက်နေ့မွန်းလွဲပိုင်းအချိန်က
” လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ ” သင်တန်းအမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဆင်းပွဲကိုပြုလုပ်ခဲ့
ကြောင်းသိရသည်။
ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသ
ဦးစီးမှူးဒေါ်အေးအေးသန့်က အမှာစကားပြောကြားပြီး၊သင်တန်းဆင်းလက်မှတ်ကို ပေးအပ်သည်။
ထိုနောက် တာဝန်ရှိသူများက လုပ်ငန်းထူထောင်လုပ်ကိုင်ကြမည့်သူများကို လုပ်ငန်းသုံးပစ္စည်းများ
နှင့်သင်တန်းထွက်ကုန်ပစ္စည်းများကိုပေးအပ်ရာ သင်တန်းသူ/သင်တန်းသားမှ လက်ခံရယူခဲ့ကြ
ကြောင်းနှင့်အဆိုပါသင်တန်းအား မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိဖွင့်လှစ်သင်ကြား
ပေးခဲ့ကြောင်းသိရကာ သင်တန်းတွင် သင်တန်းသား/သင်တန်းသူစုစုပေါင်း (၂၃)ဦးတက်ရောက်သင်
ကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့